Main menu

မင်းလှမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချသော ကုန်စုံဆိုင်များသို့ (၁၂-၃-၂၀၂၄) ရက်နေ့တွင် စားသုံးဆီများအရည်အသွေးနှင့် စံချိန်စံညွှန်းများပြည့်မီရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက်လည်းကောင်း၊ ဈေးနှုန်းအဆမတန်မြင့်တက်ရောင်းချမှုမရှိစေရေးအတွက်လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်ဦးစီးဌာန၊ မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း၊ ဈေးကော်မတီ၊ သတင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကာ ဈေးကွက်အတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေသော ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)