Main menu

သောက်ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ် ၊ မတ်လ ၂၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့တွင် ထားဝယ်ခရိုင်သောက် ရေသန့်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ အစားအ သောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ထားဝယ်ခရိုင်သောက်ရေသန့်လုပ်ငန်းရှင်များစုစုပေါင်း(၁၂)ဦးတက်ရောက်ခဲ့ပါသည်။

      ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးက စီးပွားရေး လုပ်ငန်းရှင်များသည် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မ ၄၁ အရကုန်စည်အမျိုးစားလိုက် ဥပဒေပါသတ်မှတ်ချက်များနှင့်အညီဆောင် ရွက်ရမည်ဖြစ်ပါကြောင်း ထို့အတူလုပ်ငန်းရှင်များအားလုံးစုပေါင်း၍ အသင်းဖွဲ့များဖွဲ့စည်းပြီး မိမိတို့ ၏အားနည်းချက်၊အားသာချက်များကို အစိုးရရုံးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသောသောက်ရေသန့်လုပ်ငန်းရှင်များမှာလည်း ရေသန့်လုပ်ငန်းရှင်များအသင်းအား မကြာမီ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ပြီး တိုင်းဒေသကြီးအတွင်း  MSMEs လုပ်ငန်းများတိုးတက်ဖွံ့ဖြိုး​​​​​အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ အစည်းအဝေးအား မွန်းလွဲ (၁၂:၀၀) အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)