Main menu

မအူပင်ခရိုင် အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၈.၃.၂၀၂၂၄) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီ အချိန်တွင် မအူပင်မြို့ ဈေးနှင့် မြို့ပေါ်ရှိ စားဆီရောင်းချနေသော ဆီဆိုင်(၅)ဆိုင်တွင်ရောင်းချနေသော ဆီများ၌ FDAဌာန ထောက်ခံချက်ပါ ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ် ဆေးခဲ့ကြပါသည်။

      ကွင်းဆင်းစစ်ဆေးမှုတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးတာဝန်ရှိသူများက မအူပင်မြို့ရှိ စားဆီရောင်းချသူ လုပ်ငန်းရှင်များအား မိမိတို့ရောင်းချနေသော စားသုံးဆီများတွင်သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်နှင့် ခွင်ပြုချက်များ ပါဝင်သော ကုန်စည်များကိုရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချကြရန်၊  မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူ ခြင်းကို ခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့တို့ ကလည်း သက်ဆိုင်ရာ ဌာနတို့၏ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းကို လုပ်ငန်းရှင်မှ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်သွား မည်ဖြစ် ကြောင်း၊ မအူပင်စားသုံးဆီ အရောင်းဆိုင် များတွင် ရောင်းချနေသောဆီများမှာ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သောကုန်စည်နှင့် သက်ဆိုင်ရာဌာန၏ခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သောဆီများကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးခဲ့သောဆီများမှာ သူဌေးမင်း၊ GoodDy, Meizan) အမှတ်တံဆိပ်များကိုသာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)