Main menu

မြောင်းမြခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးတို့သည် (၁၈.၃.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ တက်ရောက်လာသော  စားသုံးဆီ လုပ်ငန်းရှင်များအား  မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်း တာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍  မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ညွှန်ကြားချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်း ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)