Main menu

ပခုက္ကူမြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် သတ်မှတ်အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ တရားမဝင်အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများရောင်းချမှုမရှိစေရေးရည်ရွယ်၍ (၁၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင်  ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော  ဆေးနှင့်ဆေးပစ္စည်းများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှထုတ်ပေးသော ဆေးဝါးလက်လီရောင်းချခွင့်လိုင်စင်ရှိ/မရှိ၊ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီ၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည့် တရားမဝင်ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)