Main menu

ဘီးလင်းမြို့ အဝေးပြေးလမ်းပေါ်တွင်ရှိကြသော ဟိုတယ်၊ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များသို့သွားရောက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၈.၃.၂၀၂၄) ရက်နေ့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အဝေပြေးလမ်းပေါ်တွင်ရှိကြသော ဟိုတယ်၊ စားသောက်ဆိုင်နှင့် ထမင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာ၌ သွား၊ လာ၊ စားသောက်၊ နေထိုင်ရေးတို့မှာ အရေးကြီးသဖြင့် ဒေသအလိုက် အစားအသောက်များ ကောင်းမွန်ရန်၊ တည်းခိုနေထိုင်မှုများ အဆင်ပြေစေရန်အတွက်နှင့် ရောင်းချသည့်အစားအစာများ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးညီညွတ်သည် အစားအစာ များဖြစ်စေရန်၊ လုပ်ငန်းရှင်များလိုက်နာရမည့် စည်းကမ်းများ၊ တာဝန်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို လက်ကမ်းစာစောင်များပေး၍ ဆွေးနွေးအသိပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)