Main menu

မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၁၉.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လုပ်ငန်းအသစ်ထူထောင်ပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ်လျှောက်ထားလာသော ကုမ္ပဏီများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် အသစ်လျှောက်ထားလာသော မြန်မာကုမ္ပဏီ (၁၄၁) ခုအနက်မှ ကုမ္ပဏီ(၉)ခုတို့၏ ကုမ္ပဏီတည် ထောင်ထား မှုနှင့်ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိ/မရှိကို သတ်မှတ်ပုံစံအတိုင်း စနစ်တကျ မှတ်တမ်းရေးသွင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)