Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့မဈေး၌ အသိပညာပေးလှုံ့ဆော်မှု (Campaing ) ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၃.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီက မြောင်းမြမြို့ မြို့မဈေး၌ အသိပညာပေးလှုံ့ဆော်မှု (Campaing ) ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

   ၂၀၂၄ -ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနှင့် World  Consumer  Right  Day  အထိမ်းအမှတ်အခမ်းအနားကို မျှတအလေးမူ တာဝန်ယူ စားသုံးသူ အကျိုးပြု ဉာဏ်ရည်တု ( Fair  and  Responsible  Al For  Consumer ) ဆောင်ပုဒ်နှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်အပါအဝင် ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီးများနှင့် ခရိုင်များတွင် နံနက်(၀၉ :၀၀)နာရီအချိန်က တချိန်းတည်းကျင်းပ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေကြီး မြောင်းမြခရိုင် မြောင်းမြမြို့ မြို့မဈေး၌ စားသုံးသူပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ Campaing အား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)