Main menu

ဖျာပုံမြို့နယ်မှ ခွဲတမ်းရရှိသည့် စားအုန်းဆီဖြန့်ဖြူးမှု၊ရောင်းချမှုအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဖျာပုံမြို့နယ်မှ နေ့စဉ်ရရှိသည့် (ပိတ်ရက်မှအပ) ခွဲတမ်းစားအုန်းဆီများ ဖြန့်ဖြူးမှုနှင့် လက်လီရောင်းချမှု၊သိုလှောင်ထားမှုရှိ/မရှိ အခြေအနေတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်၊မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ မတ်လ(၁၅)ရက်နေ့တွင် မြို့မဈေးကြီးရှိ စားဆီအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးခဲ့ကြပါသည်။

  အဆိုပါအရောင်းဆိုင်များ စစ်ဆေးရာတွင် ဆီကိုယ်စားလှယ်မှ ဖြန့်ဖြူးပေးသောစားအုန်းဆီများ၊ ခွဲတမ်းအတိုင်း ရရှိမှု ရှိ/မရှိ၊ သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး ဆိုင်းဘုတ်များ ချိတ်ဆွဲ၍ ရောင်းချမှုရှိ/မရှိနှင့် စားဆီများအား စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချခြင်းမရှိဘဲ သိုလှောင်ထားမှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ကြောင်းသိရသည်။

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ၊ကျေးရွာများရှိ ပြည်သူများအား ဝယ်ယူနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)