Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

Powered by Drupal

     ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

     ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေး များနေ့ အထိမ်းအမှတ် Video Clip ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကမ္ဘာ့စားသုံးသူများအဖွဲ့ (Comsumer International) ကဦးဆောင်ပြီး နှစ်စဉ်မတ်လ(၁၅)ရက်နေ့ ရောက်တိုင်း စားသုံးသူများ၏ အခွင့်အလမ်းများကို ဂရုပြုမြှင့်တင်သည့်အနေဖြင့် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် စားသုံသူကာကွယ်ရေး ဥပဒေကို အတည်ပြု ပြဌာန်းပြီး ဖြစ်သည့်အတွက် စားသုံးသူများအနေဖြင့်  အခွင့်အရေး(၈)ရပ်ကိုရရှိ ထားပြီးဖြစ်ရာ တွေ့ကြုံ လာရသည့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု၊ မကျေနပ်မှုများကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် ဆောင်ပုဒ်သည် “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု” “Fair and Responsible AI For Consumers” နှင့်အညီ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါ၌လည်း AI နည်းပညာကို ကမ္ဘာနှင့် အဝှမ်းကျယ်ပြန့်စွာ အသုံးချလာပြီဖြစ်၍ စားသုံးသူများ ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများ အခက်အခဲများကို မည်သည့်နည်းလမ်းများကိုသုံးပြီး မည်သည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သင့်သည်ကို သိရှိထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ AI နည်းပညာအသုံးချပြီး စားသုံးသူများ နစ်နာမှုများ တွေ့ကြုံနေရသည့် အခက်အခဲများအတွက် အကြံဉာဏ်အလွယ်တကူ ရယူနိုင်နေပြီ ဖြစ်၍ စားသုံးသူများအတွက် သင့်လျော်သည့် အကြံပြုချက်များကို စားသုံးသူ အကျိုးစီးပွား ကာကွယ်ရေးအတွက် ဥပဒေနှင့်အညီ ရယူအသုံးချ စီမံဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း၊ ဉာဏ်ရည်တုနည်းပညာသည် သုံးစွဲသူလူသားများအတွက် တရားမျှတမှု ရှိရမည်ဖြစ်သလို တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုများ ကုန်စည်များ ပေးအပ် သည့်အခါ မိမိတို့ တာဝန်ယူရမည့် စီးပွားရေး ကျင့်ဝတ် ဆိုင်ရာကိစ္စရပ်များကို သိရှိလိုက်နာပြီး တာဝန်ယူနိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ဉာဏ်ရည်တုနည်းပညာကို ထိန်းကျောင်းကိုင်တွယ် ဖြေရှင်းရန် အရေးပါလာသည့်အတွက် ယခုနှစ်၌ ဆောင်ပုဒ်သတ်မှတ်ပေးခဲ့ပြီး အလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ပြည်သူလူထုအားလုံးသည် စားသုံးသူများဖြစ်ကြသည့် အားလျော်စွာ မိမိတို့၏ စားသုံးသူအခွင့်အရေး(၈)ရပ်ကို ကောင်းမွန်စွာ သိရှိနားလည်၍ မှန်မှန် ကန်ကန် ရယူပိုင်ဆိုင်ပြီး အခွင့်အရေးဆုံးရှုံးမှု ဖြစ်လာသည့်အခါအတိုင်း စားသုံးသူ ကာကွယ်ရေး ဥပဒေ၊ နည်းဥပဒေ များနှင့်အညီသက်ဆိုင်ရာကော်မရှင်၊ ကော်မတီ၊ ဦးစီးဌာန များတွင် ဖြေရှင်း ဆောင်ရွက်နိုင်ပြီး စီးပွားရေးလုပ်ငန်းများကလည်း ကျင့်ဝတ်နဲ့အညီ ပြည်သူများအတွက် အကျိုး ရှိမည့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်ပစ္စည်းများကို အတ္တပရမျှတစွာ တိုးတက်ထုတ်လုပ်ရင်း စားသုံးသူပြည်သူများအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း” အဖွင့်အမှာစကားများ ပြောကြားသည်။

     ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဦးစီးမှူးက ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီးနောက် ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိသည့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)