Main menu

စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်ပေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  (၁၅.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  (World Consumer Rights Day) ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်ပေး” Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

       Talk Show တွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးပြီး ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဦးဝေဠုအောင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင် ချက်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ အထိမ်းအမှတ်ပြုလုပ်ရသည့် ရည်ရွယ်ချက်၊ စားသုံးသူများရရှိမည့် အခွင့်အရေး (၈)ချက်၊လိုက်နာရမည့်တာဝန် (၄)ချက်နှင့် နှစ်အလိုက်စားသုံးသူ အခွင့်အရေးများနေ့၏ ဆောင်ပုဒ်များ၊ မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးများနေ့ကို နှစ်အလိုက် ကျင်းပဆောင်ရွက်ခဲ့သည့် တိုင်း၊ ပြည်နယ်၊ မြို့များ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူလိုက်နာရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ အစားအသောက်များ ဘေးကင်းလုံခြုံရေးအတွက် ဌာနမှလုပ်ဆောင်နေမှုများ၊ ကုန်စည်၊ဝန်ဆောင်မှု အာမခံချက်များနှင့် မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့် လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားလိုလျှင် Facebook စာမျက်နှာတွင် လည်းကောင်း၊ DOCA Myanmar Application တွင် လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535)တွင်လည်းကောင်း၊ နစ်နာဆုံးရှုံးလျှင် တိုင်ကြားနိုင်သည့်သူများအကြောင်း ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)