Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ များ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသကဲသို့ နယ်ပယ်အစုံ၊ အသက်အရွယ်အစုံ၊ အလွှာအုပ်စု အစုံရှိ ပြည်သူအများ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက်လည်း ဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးရုံးမှ ချောင်းဦးမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာနွယ်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၁.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ၎င်းဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ စတင်ဖြစ်ပေါ်လာပုံ၊ မြန်မာ နိုင်ငံတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ စတင်ကျင်းပခဲ့သည့်ခုနှစ်၊ ကျင်းပခဲ့သည့်နေရာနှင့် ဆောင်ပုဒ်များ၊ နှစ်စဉ်ကျင်းပခဲ့သည့် ခုနှစ်၊ နေရာနှင့်ဆောင်ပုဒ်များ၊ ၂၀၂၄ ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်နှင့် ဆောင်ပုဒ်ရည်ရွယ်ချက်များ၊ ဆောင်ပုဒ်ပါ AI ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ AI နည်းပညာ၏ အားသာချက်၊ အားနည်းချက်များ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်မည့် အခမ်းအနားအစီအစဉ်များ စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

         မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များနှင့် စတိုးဆိုင်များတွင်  ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)