Main menu

ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မကွေးမြို့နယ်ဦးစီးမှူး၊ ဦးမျိုးဝင်းသည် (၁၄.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒေါ်ခင်ဝင်းသိန်း(ဦးစီးအရာရှိ) မှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်လင်းပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ပေါ်ပေါက်လာပုံ၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် စားသုံးသူကာကွယ်ပေးရေး၏ အနှစ်သာရတို့အား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားပုံ နည်းလမ်း များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)