Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှတင်ပို့ရောင်းချသည့် စားအုန်းဆီများ‌ ရောက်ရှိ

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊     ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်   ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးယဉ်ထွေး၊  ယာဉ်အမှတ် 9K/7917၊ FUSO မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင်ပိသာ ( ၁၁၀)     ပါသည့် စားအုန်းဆီ ၉၃ ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ပါသည်။ အဆိုပါ စားအုန်းဆီ ၉၃ ပေပါအား   ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် ဆီဆိုင် (၁၄) ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)