Main menu

စားသုံးသူအခွင့်အရေးမြှင့်တင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  (World Consumer Rights Day) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်အောင်တို့ပူးပေါင်း၍ “စားသုံးသူအခွင့်အရေးမြှင့်တင်ရေး၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” Talk Show ပြုလုပ်ကျင်းပခဲ့ပါသည်။

     Talk Show တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ ဌာန၏သမိုင်းအကျဉ်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေထုတ်ပြန်သည့်ရက်စွဲ၊ ပါဝင်သည့်အခန်း၊ ပုဒ်မများကိုပြောကြားခဲ့ပြီး၊ ဆက်လက်၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူများရရှိမည့် အခွင့်အရေး (၈) ချက်၊ လိုက်နာရမည့်တာဝန် (၄)ချက်နှင့် နှစ်အလိုက် စားသုံးသူအခွင့်အရေးများနေ့၏ဆောင်ပုဒ်များ၊ ကျင်းပခဲ့သည့် တိုင်း၊ မြို့နယ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)