Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၅-၃-၂၀၂၄) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီ အချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့အဝင်ဧရာဝတီတံတားထိပ်၌ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

    ပြည်သူများအား မတ်လ(၁၅)ရက်နေ့မှာ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ဖြစ်ကြောင်း၊ စားသုံးသူတို့တွင် စားသုံးသူအခွင့်အရေးများရှိကြောင်း၊ ၂၀၂၄ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဥာဏ်ရည်တု” (Fair and Responsible Al for Consumers) ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူများရရှိမည့် အခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန်(၄)ချက်နှင့် နှစ်အလိုက် စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်များ၊ တိုင်ကြားနိုင်သည့်နေရာများအကြောင်းပါဝင်သော အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)