Main menu

ဆိပ်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ပြုလုပ်သော ပန်းချီသင်တန်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းတစ်ဦးသည် (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မတ်လ(၁၅)ရက်နေ့၌ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိပ်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ပြုလုပ်သော ပန်းချီပညာအခြေခံသင်တန်းသို့သွားရောက်၍ ပန်းချီဆရာ(၂)ဦး၊ သင်တန်းသား/ သင်တန်းသူ(၃၃)ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှုးရုံးမှ ဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၄၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက ဌာန၏သမိုင်ကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဌာနအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ဦးစွာပထမရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များကိုသိရှိရန်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်းသည့် အချက်(၈)ချက်ကိုသိရှိရန် နမူနာမုန့်ထုပ်များဖြင့်ပြသ၍ ရှင်းလင်းဆွေးနွေးခြင်း၊  စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် သတင်းအချက်အလက်အမှန်အကန်ပြည့်စုံစွာရရှိရန်လိုအပ်ကြောင်း၊ မိမိစိတ်ကြိုက်ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင်ဖြစ်စေ၊ ဝန်ဆောင်မှုရယူရာတွင်ဖြစ်စေ ဘေးအန္တရာယ်ကင်းရှင်းမှုမှာ အလွန်အရေးကြီးသောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီသည့် ကုန်စည်များအား စိစစ်ရွေးချယ်ဝယ်ယူစေလိုကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုကိုဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များနှင့် တိုင်း/ ပြည်နယ်ခရိုင်ရုံးများတွင် CICC ရုံးများဖွင့်လှစ်ထားရှိပြီး တိုင်ကြားနိုင်ကြောင်း၊ DOCA Website၊ DOCA Myanmar Mobile Application နှင့် Consumer Call Center No. (1535) တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော သင်တန်းသား/ သင်တန်းသူများအား ဥပဒေပါ အခွင့်အရေး(၈)ချက်ကိုမေးမြန်းကာ ဖြေဆိုနိုင်သူများအား ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)