Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ပဲပွဲရုံလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) နေ့နံနက် (၁၀:၃၀)အချိန်တွင် မအူပင်ရေလဲလမ်းမရှိ တက်နေဝင်း ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် တက်နေဝင်း ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံမှတာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းရာတွင် လက်ရှိမတ်ပဲတစ်တင်းကို (၉၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မတ်ပဲ စတင်ရိတ်သိမ်းထွက်ပေါ်နေပြီဖြစ်၍ မတ်ပဲများ စတင်လာရောက်ရောင်းချလျှက်ရှိကြောင်း သိရှိရပြီး ရောင်း ချသည့် တောင်သူများ အားမေးမြန်းရာ မိမိမိုးစပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲများစိုက်ပျိုးခဲ့ပြီး သွင်းအားစု အနည်းငယ်သာ အသုံးပြု၍ ယခင်နှစ်ကထက် မတ်ပဲဈေးကောင်းရရှိသဖြင့် ယခုဈေးနှင့် ရောင်းရသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။ ပွဲရုံလုပ်ငန်းရှင်အား MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ထို့အပြင် မအူပင်တွင်ကျေးရွာအုပ်စု ၈၈အုပ်စုရှိပြီး လေးအိမ်တန်းကျေးရွာ၊ရေလဲ၊ စွန်သိုက်၊ ငကျီးဂရက်  ကျေးရွာများတွင် တစ်ဧကလျှင် မတ်ပဲ ပျမ်းမျှ(၁၆)တင်းခန့် ထွက်နိုင်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)