Main menu

ပန်းတနော်မြို့နယ်ရှိ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

Powered by Drupal

    (၁၃.၃.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော်အရှေ့ပိုင်းရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၁၃)ဦးနှင့် တွေ့ဆုံကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

     အဆိုပါဟောပြောမှုတွင် မအူပင်ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အချက်အလက်များအကြောင်းကို လုပ်ငန်းရှင်များအား ရှင်းလင်းပြီး၊ သက်ဆိုင်ရာဌာနတို့၏ အချိန်နှင့်တပြေးညီ တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ဌာနများ၏ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ အသေးစိတ် သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင််ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ လှုပ်ရှားမှုဆိုင်ရာသတင်းများကို လေ့လာလိုပါက www.doca.gov.mm “စားသုံးသူရေးရာဦးစီးဌာန” website နှင့် Facebook page တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)