Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သီးနှံစိုက်ပျိုးသူနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးအောက်ရှိ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဆားမလောက်ကျေးရွာရှိ ငရုတ်စိုက်ပျိုးသူနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးMSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ငရုတ်စိုက်သူနှင့်တွေ့ဆုံ၍ ဈေးကွက်မရောက်မီကုန်စည်များ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များ ဈေးကွက်အတွင်း ဖြန်ချိနိုင်ရေးကို ဆွေးနွေးပြီး၊ လုပ်ငန်းရှင်အား ငရုတ်ဖြန့်ချိရောင်းချဈေးမေးမြန်းရာ ငရုတ်ယခုကာလ ပေါက်ဈေး မိုးထောင် ၁ပိဿာ (၂၅၀၀-၃၀၀၀)နှင့် အောက်ဆွဲငရုပ်ဈေး (၁၈၀၀-၂၀၀၀)ကျပ်ထိ လက်ကားဈေးပေါ်ပေါက်လျက်ရှိပြီး သီရိမင်္ဂလာဈေး၊ တညင်းကုန်းဈေးသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။

DOCA(ဧရာဝတီ)