Main menu

“ ဒလမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးအောက်ရှိ ဒလမြို့နယ်အတွင်း စားသုံးသူပြည်သူများ စားအုန်းဆီအမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့သွားရောက်၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်နှင့် ကုန်စုံဆိုင်များသို့သွားရောက်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့ဈေးဆိုင်များရှိ စားအုန်းဆီအမျိုးမျိုးပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်ပစ္စည်း၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားသာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားအုန်းဆီအမျိုးမျိုးတို့ကို ရောင်းချခြင်းမပြုလုပ်စေရန်နှင့် စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန်အတွက် စားသုံးသူဆိုင်ရာသိကောင်းစရာများကို အကြံပြုပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)