Main menu

ရွှေဒေါင်းမင်း မုန့်မျိုးစုံ လုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် ဖျာပုံမြို့၊ (၁၇) ရပ်ကွက်၊ ရွှေဒေါင်းမင်း မုန့်မျိုးစုံလုပ်ငန်းသို့ MSMEs နှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်မှ ရွှေဒေါင်းမင်း မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သောမုန့်များ၊ ထုတ်လုပ်နေမှု၊ ဈေးနှုန်းဈေးကွက်နှင့် ဖြန့်ဖြူးမှု အခြေအနေ တို့အား တွက်ခြေကိုက်မှုရှိ/မရှိတို့အား မေးမြန်းခဲ့ပါသည်။ ပစ္စည်းများ ထုတ်လုပ်ရာတွင် ကုန်အညွှန်း အမှတ်အသား၊ ပြည့်စုံစွာ ထည့်ရန်နှင့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်များ၊ မဖြစ်မနေထည့်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)