Main menu

မွန်ပြည်နယ်၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပခြင်း

Powered by Drupal

     (၁၅.၃.၂၀၂၄) ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မော်လမြိုင် ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စားသုံးသူပြည်သူများ တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip ပြသခြင်း၊ ဒုတိယပြည်နယ်ဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဖြေဆိုခြင်းနှင့် ဆုလက်ဆောင်များ ချီးမြှင့်ခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)