Main menu

ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်(၃)သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး၊ ခရိုင်ဦးစီးမှူးအပါ ဝန်ထမ်း(၃)ဦးတို့သည် (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန် (၃) သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထို့သို့ကွင်းဆင်းရာတွင် အမှတ်(၁၈)၊ ဦးဖိုးလှိုင်လမ်းရှိ Colour Care Business Group ၏ မုန့်မျိုးစုံလုပ်ငန်းနှင့် အမှတ် (၁+၁၄+၁၅)ဦးဖိုးလှိုင်လမ်းနှင့် လှသိင်္ဂီလမ်းထောင့်ရှိ စိန်ခဲရွှေခဲ အမှတ်တံဆိပ် ငံပြာရည်၊ ခရုဆီနှင့်ငရုတ်ဆီထုတ်လုပ်သော စက်ရုံများရှိ စက်ရုံမန်နေဂျာများနှင့်တွေ့ဆုံ၍ လုပ်ငန်းအမျိုးအစား၊ တစ်လထုတ်လုပ်သည့်ပမာဏ၊ ရင်းနှီးမြှုပ်နှံမှု(ကျပ်သန်း)၊ လုပ်သားဉီးရေ၊ ဖြန့်ဖြူးသည့်ဒေသနှင့် စက်ရုံတွင် တွေ့ကြုံရသည့်အခက်အခဲ (ကုန်ကြမ်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ လုပ်သား၊ အခြား) ပတ်သက်သည့် အကြောင်းအရာများကိုမေးမြန်းခဲ့ရာတွင် စက်ရုံအများစုသည် လျှပ်စစ်မီးရရှိမှု၊ ကုန်ကြမ်းနှင့် သွင်းကုန်လိုင်စင်အခက်အခဲများရှိကြောင်း ပြောကြားခဲ့ကြပြီး မိမိတို့ဌာနအနေဖြင့်လည်း ထုတ်လုပ်သည့်ကုန်ပစ္စည်းတွင် အရည်အသွေး ပြည့်မီအောင်ထုတ်လုပ်စေရန်နှင့် စက်ရုံသန့်ရှင်းရေးကိုအဓိကထား၍ ဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)