Main menu

ရွှေဘိုမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့် ရေးများနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် (၁၂.၃.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ စားသုံးဆီအမျိုးမျိုးရောင်းချသည့် ဆိုင်(၂)ဆိုင်ရှိ စားအုန်းဆီဝယ်ယူသည့် စားသုံးသူပြည်သူများနှင့် ရွှေဘိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ စားသုံး သူပြည်သူများအား လက်ကမ်းစာစောင်(၂၅၀)စောင်ဖြန့်ဝေခြင်း၊ စားသုံးဆီနှင့် ကုန်မျိုးစုံ‌ရောင်းချသည့်ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)