Main menu

စက်ဆန်းမီးရထားသိုလှောင်ရုံအတွင်း တရားမဝင်ကုန်စည်များအား စစ်ဆေး

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင်အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်စဉ်အတွင်း  ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ဝင်များဖြစ်သော  ခရိုင်ဒုတိယရဲမှူးကြီး လှဖုန်းကျော်နှင့် တာဝန်ရှိသူများ၊ မလွှကုန်းရဲစခန်းမှ ရဲအုပ်အောင်ကျော်ဦး၊ မီးရထားရဲမှ ဒုတိယရဲမှူးဇော်လင်းနှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူများ၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းအောင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဟိန်းရာဇာတို့ ပူးပေါင်း၍ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း မီးရထားသိုလှောင်ရုံသို့ (၁၂-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၁၅) နာရီအချိန်တွင် ကုန်တွဲ(၅၀)တွဲအား ရှောင်တခင်စစ်ဆေးရာ စားသောက်ကုန်များကို တင်ဆောင်လာကြောင်းနှင့် စစ်ဆေးမှုများကို ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့်  ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)