Main menu

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

     ၂၀၂၄ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” (World Consumer Rights Day) အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်တကွ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း (၁၇၅)ဦးတက်ရောက်ခဲ့ကြပါသည်။

     မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာန၊  မန္တလေးတိုင်းဒေသကြီး၏  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူ တိုင်ကြားမှုနှင့်ပတ်သက်၍ စံပြအမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ၊ ကုန်အညွှန်းအမှတ်အသားကိုက်ညီမှုမရှိသော ကုန်စည်များအား အရေးယူဆောင်ရွက်ထားရှိမှုအခြေအနေ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားစွဲဆိုထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့ပါသည်။

      ဆက်လက်၍ မန္တလေးပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ ကျောင်းသူများက ဉာဏ်စမ်းပဟေဠိဖြေဆိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိဖြေဆိုသူများအနက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၇)ဦးတို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)