Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ လုပ်ငန်းရှင်များအား အသိပညာဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ် (ဦးစီးမှူး) သည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မတ်လ (၂၂)ရက်၊  နံနက် (၁၀း၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေယုဆန်စက်၊ ဦးအောင်ကိုကိုဆန်း၏ နေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံက ဆန်စက်လည်ပတ်မှု၊ ဆန်/စပါးသိုလှောင်ထားရှိမှု၊ ကြိတ်ခွဲနိုင်မှုအခြေအနေများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား တွေ့ဆုံမေးမြန်း၍ စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အသိပညာများကိုလည်း ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)