Main menu

ကန့်ဘလူမြို့နယ်တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် Talk Show ဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးများအပြည့်အဝသိရှိနားလည်ပြီး ရရှိခံစားနိုင်စေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်း၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေး Talk Show များဆောင်ရွက်၍လည်းကောင်း အသိပညာပေးလိုသော သတင်းအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ မတ်လ ၁၂ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ တွင် လာမည့်မတ်လ (၁၅)ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အခမ်းအနားကို နှစ်စဉ် မတ်လ(၁၅)ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီး၌လည်းကျင်းပကြသည့်အပြင် မြန်မာနိုင်ငံ၌လည်း ၂၀၁၆ခုနှစ်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျင်းပဆောင်ရွက်ခဲ့ရာ လာမည့်မတ်လ(၁၅)ရက်နေ့တွင်လည်း ဆက်လက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”ဖြစ်ကြောင်းနှင့် ဆောင်ပုဒ်၏ရည်ရွယ်ချက်များအကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကျင်းပရသည့်ရည်ရွယ်ချက်ကိုလည်းကောင်း၊ အခမ်းအနားဆောင်ရွက်ခဲ့မှုနှင့် မီဒီယာကမ်းပိန်းများကျင်းပရခြင်းအကြောင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများတွင်ပါဝင်သည့် ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ဆိုသည့်အတိုင်း ရရှိခံစားနိုင်စေရန် ယနေ့မှစ၍ စားသုံးသူပြည်သူအားလုံးအနေဖြင့်လည်း ကျွန်တော်တို့စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့ဟု လာမည့် မတ်လ(၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုကြိုဆိုရင်း တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)