Main menu

မုံရွာခရိုင်ဦးစီးမှူးရုံး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံသည် (၁၁-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းဝေက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို “ပဋိဇီဝဆေးအန္တရာယ်ဘေး အစားအစာမှ ဖယ်ရှားပေး” ဆောင်ပုဒ်ဖြင့် ၂၀၁၆ခုနှစ်၊ မတ်လ(၁၅) ရက်နေ့မှစတင်၍ကျင်းပခဲ့ကြောင်း၊ နှစ်စဉ် မတ်လ (၁၅) ရက်နေ့ရောက်ရှိတိုင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များသတ်မှတ်၍ကျင်းပခဲ့ကြောင်း၊ ၂၀၂၄ခုနှစ်၊ မတ်လ(၁၅) ရက်နေ့တွင် ကျရောက် မည့်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “မျှတအလေးမူ တာဝန်ယူ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”( Fair and Responsible AI for Consumers)  ဖြစ်ကြောင်းနှင့် ဆောင်ပုဒ်၏ ရည်ရွယ်ချက်များအကြောင်း၊   ဆောင်ပုဒ်တွင်ပါဝင်သော AI ၏ အဓိပ္ပါယ်အကြောင်း၊ AI ၏အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများအကြောင်းကိုပြောကြားခဲ့ပြီး လုပ်ငန်းရှင်များကလည်း မိမိတို့၏ ကုန်စည်/ ဝန်ဆောင်မှုများအား AI နည်းပညာဖြင့် စားသုံးသူများအား အကျိုးပြုစေရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)