Main menu

စစ်ကိုင်းမြို့ပေါ်ရှိ “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း (Plastic Pack ) အား ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ကိုင်း - မန္တလေးလမ်း၊ စိန်ကုန်းရပ်ကွက်၊ စစ်ကိုင်းမြို့ရှိ ‘Banner Mini Mart’ မှ ဈေးကွက်နမူနာကောက်ယူခဲ့သော အစားအသောက်နမူနာများအနက် နမူနာ(၁)မျိုးဖြစ်သည့်“နေရှိုင်း” အမှတ်တံဆိပ် မက်မန်း(-Plastic Pack)မှာ နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓာတ်ခွဲအဖြေအရ ဓာတုသတ်မှတ်ချက်များကိုက်ညီမှုမရှိကြောင်းနှင့် အမှတ်တံဆိပ်ပေါ်တွင် အသားတင်အလေးချိန်ဖော်ပြခြင်းမရှိ၍ အမှတ်တံဆိပ်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသဖြင့် ရောင်းချခြင်းမပြုရန်၊ အသိပညာပေးရန်၊ ခံဝန်ရေးထိုးရန်၊ ဖျက်ဆီးရန် စစ်ကိုင်းခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီသို့  အကြောင်းကြားလာမှုအား  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်း-မန္တလေးလမ်း၊ စိန်ကုန်းရပ်ကွက်၊ စစ်ကိုင်းမြို့ရှိ ‘Banner Mini Mart’ သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အဆိုပါအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း (- Plastic  Pack ) အား ရောင်းချနေသည်ကို စိစစ်တွေ့ရှိရ၍ အဖွဲ့စုံ၏ ရှေ့မှောက်တွင် ဆိုင်တာဝန်ခံအား ထပ်မံရောင်းချခြင်းမပြုရန်နှင့် ထပ်မံရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူခံရမည်ကိုသိရှိကြောင်း ခံဝန်ကတိလတ်မှတ်ရေးထိုးစေခဲ့ပါသည်။ ရောင်းချနေသော “နေရှိုင်း” အမှတ်တံဆိပ် မက်မန်း(-Plastic Pack ) အမျိုးအမည် (၁၄)မျိုး၊ အထုပ်ရေ (၉၇)ထုပ်၊ တန်ဖိုး (၉၇၀၀၀)ကျပ်ကိုသိမ်းဆည်းခဲ့ပြီး အဖွဲ့စုံ၏ရှေ့မှောက်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူထံအပ်နှံခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)