Main menu

မြိတ်မြို့အတွင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

Powered by Drupal

   ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်သော ၂၀၂၄ ခုနှစ်၊ မတ်လ(၁၅) ရက်နေ့၊ နံနက် (၀၉း၃၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သော ခရိုင်အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ဖြင့် မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်တန်းသား/ သူများအား စားသုံးသူအခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးအတွက် သိသင့်သိထိုက်သောဗဟုတုသရရှိစေရန် အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူများတွင် အခွင့်အရေး(၈)ချက်ရှိကြောင်းနှင့် စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အစားအသောက်/ ထုတ်ကုန်သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများအတွက် မှတ်ပုံတင်များ ပြုလုပ်ပေးနေကြောင်းပြောကြားခြင်းနှင့် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ အစားအသာက်စားသုံးရာတွင် ဘေးကင်းစေရန်လိုက်နာ ဆောင်ရွက်သင့်သည့်အချက်များနှင့် စားသုံးရန်မသင့်သော အစားအသောက်များအား FDA  website တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းသား/ သူ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)