Main menu

ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”သို့ ပြည်နယ်စီးပွားရေးရာဝန်ကြီးတက်ရောက်

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

     ရှေးဦးစွာ ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်း အမှတ်နှင့် ပတ်သက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အစီအစဉ်အရ ကရင်ပြည်နယ် စားသုံးသူရေးရာ ကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကျင်းပရခြင်း ၏ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ ဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားအနေဖြင့်  Video Clip များ ပြသခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခြင်း စသည့် အခမ်းအနားအစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

     ထို့နောက်  ခင်းကျင်းပြသထားသော စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးရန်သင့်သောအစားအစာများ၊ သောက်သုံးရန် မသင့်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက လှည့်လည် ကြည့်ရှု့ လေ့လာခဲ့ကြပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို နေ့လယ် (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားတွင်  (၆၅) ဦး တက်ရောက်ခဲ့ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့(Consumer International)မှ ယခုနှစ် ထုတ်ပြန်ထားသည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ  “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြု ဉာဏ်ရည်တု”      (Fair  and Responsible AI For Consumers) ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)