Main menu

ကံမမြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း (ဒုတိယဦးစီးမှူး) သည် (၇-၃-၂၀၂၄)ရက်နေ့၊နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။       

 ‌   အဆိုပါဟောပြောပွဲတွင် ကံမမြို့နယ်တာ၀န်ခံ ဒေါ်နွဲ့ရီ၀င်း (ဒုတိယဦးစီးမှုး) က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏အခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးနေသော ဌာနကြီးတစ်ခုဖြစ်ပါကြောင်း၊ စားသုံးသူများ၏အခွင့်အရေးများမှာ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူခွင့်ရှိခြင်း၊ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးသည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိခြင်း၊ နစ်နာဆုံးရှုံးသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့်ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်းများကို အပြည့်အဝရရှိစေရန်နှင့် စားသုံးသူများအခွင့်အရေးများကို ခံစားခွင့်ရှိသကဲ့သို့ စားသုံးသူများ၏တာဝန်များကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်း(၈)ခုအနက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရှိ CICC သို့ လူကိုယ်တိုင် (သို့) စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏  Consumer Call Center No.(1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး (Talk Show ) ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)