Main menu

ကံမမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းနှင့် ကံမ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ သရက်ခရိုင်၊ အစား အသောက်နှင့်ဆေး၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနပါဝင်သောအဖွဲ့ဖြင့် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ လုပ်ငန်းရှင်များအား ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆေးဝါးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများကိုရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး ကံမမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းက ရောင်းချသည့်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)အုပ်စုအနက် ကုန်စည်အုပ်စု(င)တွင်ပါရှိသည့် ပြည့်စုံစွာပါဝင်ရမည့် ဆေးဝါးနှင့်ဖြည့်စွက်စာများး၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)