Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  လူထုအခြေပြု (Community Center) ခန်းမ၌ (၁၁-၃-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် ဘုတလင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဖွင့်မိတ်ဆက်စကားပြောကြားခဲ့ပြီး ဘုတလင်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ကုန်စည်များတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)