Main menu

စားသုံးသူအသိပညာပေးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပဆောင်ရွက်

Powered by Drupal

     ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ပိုမိုဖွံ့ဖြိုး တိုးပွားလာစေရန် ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အခုလို အခမ်းအနားတွင် တက်ရောက်လာကြသော ကျောင်းအုပ်ကြီးနှင့်တကွ ကျောင်းသား/သူများ အားလုံးကို အထူးပင်ကျေးဇူးတင် ရှိပါကြောင်းနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိကျင်းပရသည့် ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့် (ဦးစီးမှူး)က စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေတွင် ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျောင်းသား/သူများနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပြီးနောက်  ကျောင်းမှာသင်ကြားသည့် အတန်းပညာများ အပြင် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပဟုသုတများကိုလည်း လေ့လာမှတ်သား စေလိုကြောင်းနှင့် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့အသုံးချဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအစီအစဉ်ကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ ဆိုပါအခမ်းအနားတွင် ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ချင်း)