Main menu

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်နှင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန် ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၁၃.၃.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး)သည် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ ဦးကျော်မိုးဟိန်း (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ရွှေမြန်မာ အမှတ်တံဆိပ်ပါ အသင့်စား ကြက်ဥခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ရောင်းချသူဆိုင်ရှင်အား   ကုန်ပစ္စည်းများရောင်းချရာတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သည့် စားသောက်ကုန်များကိုသာ ရောင်းချရန်နှင့်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့်တားမြစ်စား သောက်ကုန်များကိုရောင်းချခြင်းမပြုရန်အသိပညာပေးဆွေးနွေးခြင်း၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)