Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ရေကြည်မြို့နယ် စားသူရေးရာဦးစီးဌာနရုံးတွင် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် မတ်လ (၇) ရက်နေ့ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်နှင့်အတူ ရေကြည်မြို့နယ် ဒေသထွက်ကုန် နုထွေးဂျင်းသုတ် လုပ်ငန်းရှင် ဒေါ်ဝါဝါလှိုင်နှင့်တွေ့ဆုံ၍ ၎င်းတို့ရောင်းချနေသော ကုန်ပစ္စည်းအပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိအောင် ပြည့်စုံစွာပါရှိရေး ဈေးနှုန်းဈေးကွက်အခြေအနေ ကုန်ကြမ်း ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး MSMEs လုပ်ငန်းရှင်များသည် နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့်အတွက် မိမိတို့ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ပါကလည်း ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက် ထိုးဖောက်နိုင်ရန် ဒေသအာဏာပိုင်လုပ်ငန်းရှင်များနှင့်အတူ မိမိတို့ဌာနမှလည်း ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)