Main menu

ဒေးဒရဲမြို့နယ် ကျုံဒူးဒါးမလိမ်း ကျေးရွာ ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ဒေးဒရဲမြို့နယ် စိုက်တိုးမြှင့်ကော်မတီ ဥက္ကဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ်၊ ကျုံဒူးဒါးမလိမ်းကျေးရွာ၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

     ဒေးဒရဲမြို့နယ် ၊ ကျုံဒူးဒါးမလိမ်းကျေးရွာတွင် ဆောင်းနေကြာ(၁၀)ဧက စံပြစိုက်ခင်းရှိ တောင်သူဦးစန်းလွင်၏ ဆောင်းနေကြာ စိုက်ခင်း(၃)ဧက၌ စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ဆောင်းနေကြာ (Super Sun – 41) ၂၅.၄၈ တင်းထွက်ရှိခဲ့ပါသည်။ စံကွက်ရိတ်သိမ်းပွဲကို နံနက် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)