Main menu

စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့ ကျေးလက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေး မှန်မှန်ကန်ကန် သိရှိနားလည်ရန်၊ စားသုံးသူအခွင့်အရေးနစ်နာ ဆုံးရှုံမှု မရှိစေရန် (စားသုံးသူကာကွယ်ရေးဥပဒေ) အကြောင်းကို ကျေးရွာများအထိ သွားရောက်၍ မအူပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မအူပင် မြို့နယ် ရေကြည်ကျေးရွာ မှန်ပင် ဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ(၂၀)ဦးနှင့် တွေ့ဆုံ၍ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့နံနက် (၁၀:၀၀) နာရီ မှ (၁၁:၀၀)အချိန်ထိ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေး ထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို စိစစ်ဝယ်ယူနိုင်ရန်၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားခွင့်နှင့် ပြန်လည် ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက  Website တွင် ဝင်ရောက်လေ့လာနိုင်ပြီး၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ သိရှိလို ပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။  ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သိမှတ် ဖွယ်ရာ ဗဟုသုတအဖြာဖြာနှင့် လူငယ်နှင့် ပညာရေးအကြောင်းကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရာသီပေါ်သီးနှံများ စိုက်ပျိုးထွက်ရှိမှု အသိပညာများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)