Main menu

ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၃ခုနှစ် မတ်လ ၁၂ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့ ၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင် (၂၁)ဦးနှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

     အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်အကြောင်းကိုလည်းကောင်း ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက်၍ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံ မှန်ကန်စွာ ဖော်ပြရန် တရားမဝင်ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား လိုက်နာဆောင်ရွက်ရန်တို့အား စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် စီးပွားရေးလုပ်ငန်းရှင် သိကောင်းစရာများနှင့် ပတ်သက်၍ အသေးစိတ်ရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)