Main menu

ဓနုဖြူမြို့နယ် ရေကြည်ကျေးရွာရှိ ပြည်သူများအား စားသုံးသူအသိပညာ လူထုဟောပြော

Powered by Drupal

   (၈.၃.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီဌာနနှင့် ပူးပေါင်းကာ ရေကြည်ကျေးရွာအုပ်စုရှိ ပြည်သူ (၁၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဟောပြောခဲ့ကြသည်။

   အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ပညာပေးဆောင်ရွက်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို ရှင်းလင်းပြီး၊ ပြည်သူလူထု အစား အစာ ဘေးကင်းလုံခြုံစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေး လုပ်ငန်းစဉ်များဖြစ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှု တွေကို Online မှ တစ်ဆင့်ဝယ်ယူရာ၌ နစ်နာဆုံးရှုံးမှု မဖြစ်စေရေးဆောင်ရွက်ရမည့်အချက်များ၊  လိမ်လည်မှုမခံရစေရေးကြိုတင်သတိပြုရမည့်အချက်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှတရားဝင်ခွင့်ပြုပေးထားသည့်လုပ်ငန်း(OnlineShop) ဟုတ်၊ မဟုတ်စိစစ်ခြင်း၊  အများပြည်သူဝယ်ယူသုံးစွဲနေသည့် Online Shop မှန်၊မမှန်စစ်ဆေး ခြင်း၊ လုံခြုံစိတ်ချရသော ငွေပေးချေ မှုစနစ်ဖြင့် ဆောင်ရွက်နေသည့် Online Shop ဟုတ်၊ မဟုတ် စစ်ဆေးရန်အချက်များနှင့် စားသုံးသူပြည်သူ လူထုအတွက် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အကူအညီရယူ၍ တိုင်ကြားနိုင်သည့်လုပ်ငန်းစဉ်များ စသည့် Online ရောင်းဝယ်မှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး စားသုံးသူ အခွင့်အရေး နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာသော ဖြစ်စဉ်များရှိသဖြင့် ဖြေရှင်းဆောင်ရွက် ပေးခဲ့သည့်ဖြစ်စဉ်များအား ရှင်းလင်းကာ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် ပုံစံများ အကြောင်းကို ပြောကြားခဲ့ပြီး ပြည်သူများမှ သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)