Main menu

မာဃ မုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁၂.၃.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)အချိန်က ဓနုဖြူမြို့(၇)ရပ်ကွက် ၊ ရတနာသီရိလမ်းရှိ မာဃပဲမုန့် လုပ်ငန်းသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်လိုက်နာဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က မာဃမုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ မုန့်လုပ်ငန်း တစ်နေ့တာ မုန့်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် အချက်များ၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး မိမိတို့ဌာနသည် ဒေသတွင်း တပိုင်တနိုင်လုပ်ငန်း များမှသည် ပြည်တွင်းထုတ်ကုန် အားပေးမြှင့်တင်ပြီး MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းများ ပဲမုန့်လုပ်ငန်းအခြေအနေများအား တိုးချဲ့လုပ်ကိုင်လိုပါက လိုအပ်သည့်အရင်း အနှီးအတွက် ချေးငွေများချေးပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်းကို လုပ်ငန်းရှင် သိရှိနားလည်စေရန် အသိပညာပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)