Main menu

ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်‌မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/လက်ကားရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ ယခုအချိန်တွင် ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း ဘိလပ်မြေမှာယူရသော ကျောက်ဆည်ဘိလပ်မြေစက်ရုံနှင့် ဆိုင်ကြီးများတွင် လိုသလောက်ဝယ်ယူရရှိမှုမရှိကြောင်း၊ အိတ်(၃၀၀)မှာယူလျှင် အိတ်(၁၀၀)ခန့်လောက်သာရရှိခြင်းကြောင့် လုံလောက်စွာဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း၊ မှာယူရရှိသောပစ္စည်းများမှာလည်း သယ်သူပို့ဆောင်ရာတွင် အခက်အခဲများရှိသောကြောင့် ပစ္စည်းအဝင်နည်းပါး၍ ဈေးနှုန်းမှာလည်းအကျမရှိဘဲ အတက်ဘက်သို့ ဦးတည်နေကြောင်း၊ ယခင်ဖေဖေါ်ဝါရီလ (စတုတ္တပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၆၀၀)ရှိခဲ့ပြီး ယခုမတ်လ (ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၃၀၀)၊ အယ်လဖာ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၀၀၀၀-၁၀၁၀၀)ဈေးနှုန်းတို့ရှိကြောင်းသိရှိရပါသည်။ လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ လမ်းပန်းဆက်သွယ်ရေးချောမွေ့အဆင်ပြေပါက ပစ္စည်းများပိုမိုရောက်ရှိဖြန့်ဖြူးနိုင်ပြီး ဈေးနှုန်းများပါသက်သာလာမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)