Main menu

ဒေးဒရဲမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ မတ်လ(၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့၊  အမှတ်(၁) ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

        ဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် မိမိတို့ဌာန၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားမှုမရှိသည့် ကုန်စည်များနှင့် အခြားဌာနများမှ ကုန်စည်များတွင် သတ်မှတ်ထားသောအချက်အလက်များ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူရောင်းချဖြန့်ဖြူးမှုမရှိစေရေးတို့အတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)