Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် ၅.၃.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ အကောက်ခွန်ဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ပို့ကုန် / သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်(၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များဖြစ်သည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကျဉ်ခြင်း ၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသောအာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း စသည့်စီးပွားရေးလုပ်ငန်းရှင်များ မဖြစ်မနေ လိုက်နာရမည့်တာဝန်များ၊  ပြစ်မှု ၊ ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ထိုနောက်ပို့ကုန်/သွင်းကုန်စီးပွားရေးလုပ်ငန်းရှင်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)