Main menu

နွေစပါးစိုက်တောင်သူများသို့ နိုင်ငံစီးပွားမြှင်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ပေးမည့်အစီအစဉ်

Powered by Drupal

     နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်  အရင်းမပျောက်မတည်ငွေ (၈) ဘီလီယံအား  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  စိုက်ပျိုးရေးကဏ္ဍတွင် (၅.၅) ဘီလီယံ၊ မွေးမြူရေးကဏ္ဍတွင် ကျပ်(၁)  ဘီလီယံ၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစား (MSMES) ကဏ္ဍတွင် ကျပ်(၁.၅) ဘီလီယံ၊ သက်ဆိုင်ရာနိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များက  ထုတ်ချေးခဲ့ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

      ယခုအခါ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများသို့ ဒုတိယအကြိမ်အဖြစ် ဖေဖေါ်ဝါရီလကုန်ရက်မှစတင်၍ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ ထုတ်ချေးပေးမည့်အစီအစဉ်မှာ သဲကုန်းမြို့နယ်ရှိ  နွေစပါးစိုက်ပျိုးမည့်    ကျေးရွာအုပ်စု (၅)စုရှိ  တောင်သူ (၃၅၆)တို့အား  (၁) ဧကလျှင်  ငွေကျပ် (၂)သိန်းနှုန်းဖြင့် ဧက   (၁၆၀၀) အတွက် ငွေကျပ်သိန်း (၃၂၀၀) အား (၁၂.၅) ရာခိုင်နှုန်းအတိုးနှုန်းဖြင့် (၆)လထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ပဲခူး)