Main menu

“စားသုံးသူတိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်လျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ စားသုံးသူများအနေဖြင့် ၎င်းတို့၏ထိခိုက်နစ်နာဆုံးရှုံးမှုများအား လူကိုယ်တိုင်သော်လည်းကောင်း၊ Website မှသော်လည်းကောင်း၊ CICC မှသော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားလာခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ တိုင်ကြားမှုပေါင်း (၄၉) မှုရှိခဲ့ရာ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု (၄၂) မှုရှိပြီး ဖြေရှင်းရန်ကျန် (၇) မှုအား ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

      စားသုံးသူတိုင်ကြားမှုများအနေဖြင့် Online မှကုန်ပစ္စည်းများဝယ်ယူရာတွင် Kpay ဖြင့် ငွေပေးချေခဲ့ပြီး ပစ္စည်းပေးပို့မှုမရှိခြင်း စသည့်တိုင်ကြားမှုများ များပြားလာကြောင်း သိရှိရပါသည်။ Facebook Page မှတစ်ဆင့်ပစ္စည်းများရောင်းချပြီး ငွေလွှဲရောက်လာသည့်အခါ ၎င်းတို့၏ ဆက်သွယ်ရန်ပေးထားသည့် ဖုန်းနံပါတ်မှာ ဆက်သွယ်၍ မရခြင်း၊ စားသုံးသူ၏ဆက်သွယ်မှုအား Block ထားခြင်း၊ နေရပ်လိပ်စာ တည်နေရာ မှန်ကန်မှုမရှိခြင်းတို့ကြောင့် ငွေကြေးရယူလို၍ လိမ်လည်လှည့်ဖြားသည့် တိုင်ကြားမှုများဖြစ်ကြောင်း သိရပါသည်။ တိုင်ကြားမှုများတွင် တိုင်ကြားစာ ပါဖုန်းနံပါတ်နှင့်လိပ်စာ မှန်ကန်မှုရှိပါက ဖြေရှင်းဆောင်ရွက်နိုင်ပြီး မှန်ကန်မှုမရှိလျှင် ဖြေရှင်း၍ မရပါသဖြင့် စီးပွားရေးလုပ်ငန်းရှင်နှင့် တိုင်ကြားသူ တိုင်းဒေသကြီး/ပြည်နယ်မတူညီသော်လည်း စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးအချင်းချင်း ညှိနှိုင်းအကြောင်းကြားစာများ ပေးပို့၍ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနအ‌နေဖြင့် အဆိုပါလိမ်လည်မှုများအား စားသုံးသူကာကွယ်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်၍မရသော်လည်း အခြားသက်ဆိုင်ရာဌာနများသို့ အမှုတွဲများ စနစ်တကျ လွှဲပြောင်းပေးလျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)