Main menu

“ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်မည်”

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်း အမှတ်အခမ်းအနားအား မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံးများမှ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဟု သိရပါသည်။

    အဆိုပါ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်၌ (International Consumer-CI) “မျှတအလေးမူ တာဝန်ယူ၊ စားသုံးသူအကျိုးပြုဉာဏ်ရည်တု (Fair and Responsible AI For Consumer) ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားနေ့မတိုင်မီတွင် အထိမ်းအမှတ် ဆိုင်းပုဒ်စိုက်ထူခြင်းအား တိုင်းဦးစီးမှူးရုံးရှေ့၌သော်လည်းကောင်း၊ လူစည်ကားရာ မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီဈေးများတွင် ဗီနိုင်းနှင့်ပိုစတာများ ချိတ်ဆွဲခြင်း၊ mdy doca facebook page တို့မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip  ဖြင့်အသိပညာပေးခြင်း၊ လူစည်ကားရာနေရာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ နေရာများ၌  LED Board များတွင်Video Clip များ ထုတ်လွင့်ပြသသွားမည်ဟု သိရပါသည်။

    မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ်အခမ်းအနားအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီခန်းမ၌ ကျင်းပပြုလုပ်နိုင်ရေး လျာထားစီစဉ်လျက်ရှိကြောင်း၊ အဆိုပါအခမ်းအနားအား (International Consumer-CI)၏ “မျှတအလေးမူတာဝန်ယူ၊ စားသုံးသူအကျိုးပြုဉာဏ်ရည်တု” ဆောင်ပုဒ်နှင့်အညီ ကျင်းပမည်ဖြစ်ပြီး ဆက်စပ်မိတ်ဖက်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ အများပြည်သူများအား ဖိတ်ကြား၍ စားသုံးသူအသိပညာပေး ဟောပြောခြင်း၊ Video Clip များပြသခြင်း၊ ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ ဆုချီးမြှင့်ခြင်း၊ အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)